တောင်တွင်းကြီး ဇွန် ၂၀
မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့်မိသားစုဝင်များကို ယမန်နေ့နံနက်(၁၀)နာရီကစတင်ကာ ဆေးထိုးစုရပ်နေရာဖြစ်သည့် မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများကကွင်းဆင်းကြည့်ရူ့ကာ လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နိုင်ငံ့ဝန်ထမ်းများနှင့်မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ (Pfizer Vaccine) ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နံနက်(၁၀)နာရီမှ ညနေ(၄)နာရီထိ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယနေ့ပထမဆုံးနေ့တွင် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်(၁၀၈၀ )ဦးကို ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)