ငဖဲမြို့နယ်တွင် နယ်မြေဒေသစိမ်းလန်းစိုပြည်စေရေး သစ်ပင်များစိုက်ပျိုး

ငဖဲ ဇွန် ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ နယ်မြေဒေသ ရပ်ရွာဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် သစ်ပင်များစိုက်ပျိုးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ပဒါန်းကျေးရွာ ဓာတ်အားခွဲရုံဝန်းအတွင်း စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ထိုသို့သစ်ပင်များ စိုက်ပျိုးရာတွင် ငဖဲမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်မှူး ဦးအောင်ကျော်မင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က နယ်မြေဒေသ ရပ်ရွာဝန်းကျင် စိမ်းလန်းစိုပြည်သာယာစေရေးအတွက် ပဒါန်းလျှပ်စစ်ဓာတ်အားခွဲရုံဝန်းအတွင်း ကျွန်းပင်(၂၀)၊ ယူကလစ် (၁၅)၊ ယင်းမာ (၁၅)၊ ခရေ (၁၅)၊ သရက် (၂၅)နှင့် ရှောက်ပင် ၁၀ ပင် စုစုပေါင်း အရိပ်ရသစ်ပင်နှင့် သီးပင်စားပင် အပင်(၁၀၀)ကို မြို့နယ်သစ်တောဦးစီးဌာနမှ ထုတ်ယူ၍ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မယု (ငဖဲ)