ငဖဲမြို့နယ် ဇီးတောကျေးရွာတွင် (၁၄)ကြိမ်မြောက် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ ၊ (၉)ကြိမ်မြောက် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ဇီးတောကျေးရွာတွင် ဇီးတောကျောင်းတိုက်တွင် ဧပြီလ ၁ ရက်နေ့မှ မေလ ၉ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးခဲ့သော (၁၄)ကြိမ်မြောက် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ၊ (၉)ကြိမ်မြောက် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇီးတောကျေးရွာဘုန်းတော်ကြီးကျောင်း မဟာကုသလကာရီ ဓမ္မဗိမာန်တော်ကြီးတွင် ယနေ့နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်သည်။