မကွေးတိုင်းဒေသကြီး

ပွင့်ဖြူမြို့နယ်၌ ငရုတ်စိုက်ပျိုးတောင်သူများ ခိုင်မာသော ဈေးကွက်ရရှိရေးနှင့် အရည်အသွေးမြင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ငရုတ်စိုက်ပျိုးတောင်သူများအတွက် ခိုင်မာသောဈေးကွက်ရရှိရေးနှင့် အရည်အသွေးမြင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)နှင့် W7 ကုမ္ပဏီတို့တွေ့ဆုံ၍ အကြိုလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ရှိ တောင်သူအကျိုးဆောင်အသင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ မိသားစုဝင်ငွေတိုးပွားစေရန် တစ်ပိုင်တစ်နိုင် နဂါးမောက်သီးနှံစိုက်ပျိုးရေး အားထားလုပ်ကိုင်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများက မိသားစုဝင်ငွေတိုးပွားစေရန်အတွက် မိမိတို့၏ ဥယျာဉ်ခြံမြေများနှင့် နေအိမ်ဝိုင်းများရှိ မြေကွက်လပ်များတွင် တစ်ပိုင်တစ်နိုင် နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရကာ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် ဖြစ်ထွန်းအောင်မြင်ပြီး လုပ်ငန်းအဆင်ပြေ လျက်ရှိကြောင်း သိရသည်။

မင်းတုန်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကျင်းပရာ အ.ထ.က မင်းတုန်းမှ Grade-9 ကျောင်းသား၊ ကျောင်းသူ(၄၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်လံမြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက အောင်လံမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေး အသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီက အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အောင်လံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက အောင်လံမြို့၊ အ.ထ.က(ရွာထောင်) ရွှေရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မင်းတုန်းမြို့တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးအဖွဲ့ အသင့်စုဖွဲ့ထားရှိမှုနှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်း(၃၅)ဦး၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်း (၂၂) မျိုးနှင့် ဖိုက်ဘာစက်လှေ (၁) စီးဖြင့် အသင့်စုဖွဲ့ထားရှိမှုကို ယမန့်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ခုတင်(၅ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့ ဆေးရုံအဆင့်မြှင့်တင်ရန် တိုးချဲ့(၅)ထပ် ကုသဆောင်အသစ် (၁၇၄' x ၁၈ဝ)RC ဆောက်လုပ်ခြင်း ပန္နက်ရိုက်မင်္ဂလာအခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီးတွင် မြန်မာမြို့ပြအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်အသင်း(MDA)မှ တာဝန်ယူဆောင်ရွက်မည့် မကွေးတိုင်းဒေသကြီး ခုတင်(၅ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့ ဆေးရုံအဆင့်မြှင့်တင်ရန် တိုးချဲ့ (၅)ထပ် ကုသဆောင်အသစ် (၁၇၄' x ၁၈ဝ)RC ဆောက်လုပ်ခြင်း ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက တိုင်းပြည်သူ့ဆေးရုံကြီးဝန်းအတွင်း ကုသဆောင်အသစ်ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပသည်။

ကံမမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဒေသရာသီဥတု မျှတကောင်းမွန်စေရန်အတွက် သစ်ပင်သစ်တော စိုက်ပျိုးပြုစုထိန်းသိမ်းရေးတွင် ပိုမိုတက်ကြွစွာ ပူးပေါင်းပါဝင်စေရေးတို့ကို ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၈) နာရီက အမှတ်(၂)ရပ်ကွက်၊ ဘုံသာဘုန်းတော်ကြီးကျောင်း မြေကွက်လပ်၌ မြို့နယ်သစ်တောဦးစီးဌာနက စီစဉ်ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး