မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် သယံဇာတရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများလိုက်ပါလျက် သရက်ခရိုင်၊ ကံမမြို့နယ် စပယ်ခြုံကျေးရွာအုပ်စု၊ စပယ်ခြုံကျေးရွာသို့ ယမန်နေ့နံနက် (၁၁)နာရီက ရောက်ရှိခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ပြီး ဝန်ကြီးချုပ်မှ တောင်သူ ဦးစန်းလွင်၏ ကွင်းအမှတ် (၁၆၆) အောင်နိုင်တိုးမျိုးစပါး စံပြဧက (၁၀၀) တဆက်တစ်စပ်တည်း နွေစပါးစိုက်ပျိုးဖြစ်ထွန်းမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးတို့က ရှင်းလင်းတင်ပြခဲ့ကြသည်။