စေတုတ္တရာမြို့နယ်၌ အပြည်ပြည်ဆိုင်မူးယစ်ဆေးဝါးအလွဲသုံးမှု တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်နှင့် မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်မူးယစ်ဆေးဝါးအလွဲသုံးမှု တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ဓာတ်ပုံပြပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က စေတုတ္တရာမြို့နယ် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။