မကွေးတိုင်းဒေသကြီး

ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ရုံးစာရေးသားနည်းသင်တန်း (၁/၂၀၂၅) ဖွင့်လှစ်သင်ကြား

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားလာစေရန်၊ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်မှန်ကန်စေရန်ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်း (၁/၂၀၂၅)ကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဖွင့်လှစ်သင်ကြားခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် လေလံဆွဲဝယ်ယူလုပ်ကိုင်ခွင့်ရရှိသူများအား သတ်မှတ်လိုင်စင်စည်းကမ်းချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရေး အသိပေးရှင်းလင်းဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဒေသတွင်းလေလံဆွဲဝယ်ယူလုပ်ကိုင်ခွင့်ရရှိသည့် သားသတ်လိုင်စင်စီနှင့် အခြားအကောက်လိုင်စင်စီ လုပ်ငန်းရှင်များအနေဖြင့်  သတ်မှတ်လိုင်စင်စည်းကမ်းချက်များနှင့်အညီ စနစ်တကျလုပ်ကိုင်နိုင်ရေး အသိပေးရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပခုက္ကူမြို့၌ ယဉ်ကျေးလိမ္မာခြင်းဆိုင်ရာ အသိပညာပေး ဟောပြော

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ For Life ဘုန်းတော်ကြီးကျောင်း၌ ယနေ့နေ့လယ် ၁ နာရီအချိန်က ယဉ်ကျေးလိမ္မာခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး(မြို့ရွာလုံခြုံရေး)အဖွဲ့ အခြေခံစစ်ပညာသင်တန်းအမှတ်စဥ် (၁ /၂၀၂၅) သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး (မြို့ရွာလုံခြုံရေး)အဖွဲ့ အခြေခံစစ်ပညာသင်တန်း အမှတ်စဥ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီအချိန်က အမှတ် (၁၀၃) ခြေမြန်တပ်ရင်း ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) ဖြင့် စာဖတ်ဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club)တို့ပူးပေါင်း၍ စာရေးဆရာအောင်ကိုဦး ရေးသားသည့် “လူယ်တွေကို လမ်းဖွင့်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံ သုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ဆည်ရိုးချောင်းမြေအောက် တမံတည်ဆောက်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ နတ်ရွာကျေးရွာအနီး ဒေသခံပြည်သူများ သောက်ရေ၊ သုံးရေနှင့် စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆည်ရိုးချောင်း မြေအောက်တမံတည်ဆောက်လျက်ရှိရာ ယခုအခါ တမံအား ရာနှုန်းပြည့်တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

နတ်မောက်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မိုးရာသီတွင် ဒေသအတွင်း စိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်ပေါင်း (၅၉၁၂၀) ပင်ပျိုးထောင်ထားရှိ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဒေသစိမ်းလန်းစိုပြည်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ပြည်သူကို ဗဟိုပြုစိုက်ခင်းများတွင် စိုက်ပျိုးရန်အတွက် ပျိုးပင်(၅)မျိုး ပျိုးပင်ပေါင်း(၅၉၁၂၀) ပင် ပျိုးထောင်ထားရှိသည်။

မြို့သစ်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့၀င်များက မြို့သစ်မြို့ ဘုရားကြီးရပ်ကွက်သို့ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သည့် ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း ၊ ဂျုံ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

ပြည်သူများအနေဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များ ပေါ်ပေါက်လာစေရန်၊ ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံစိုက်တောင်သူများအနေဖြင့် ယင်းသီးနှံများမှ တန်ဖိုးမြှင့် စားသောက်ကုန်များ ထုတ်လုပ်တတ်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း ၊ ဂျုံ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုပ်လုပ်မှုသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီများ၌ ညောင်ရေသွန်းလောင်းပွဲတော်များ ကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းသမိုင်းဝင်ဘုရားစေတီများ၌ ညောင်ရေသွန်းလောင်းပွဲတော်များ ကျင်းပလျက်ရှိရာ ညောင်ရေသွန်းလောင်းပူဇော်သည့် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး