မကွေးတိုင်းဒေသကြီး

ပွင့်ဖြူမြို့နယ်တွင် ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံအထွက်နှုန်းကောင်းမွန်စေရန် တောင်သူများ ကြိုးပမ်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်နှင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်အတွက် မဲဇလီရေလွှဲဆည်ရေဖြင့် မိုးကြိုပဲတီစိမ်းများကို အားထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ စိုက်ပျိုးရေဖူလုံမှုကြောင့် မိုးကြိုပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် သီးနှံအထွက်နှုန်းကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဆင်ပေါင်ဝဲမြို့နယ် ကျားထူးစမ်းကျေးရွာအုပ်စုမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေးခြင်းကို ယနေ့ ယမန်နေ့ နေ့လည် ၂ နာရီအချိန်က ကျားထူးစမ်းကျေးရွာအုပ်စုမှ တောင်သူ (၁၄၃)ဦးတို့၏  စပါးသီးနှံ ဧက (၄၁) ဧက၊ အခြားသီးနှံဧက (၈၆၃) ဧကအတွက် ချေးငွေကျပ် (၉၂၄.၅၀)သိန်းအား ထုတ်ချေးပေးခဲ့သည်။

ရေနံချောင်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ဇွန်လ ၂၆ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ နံရံကပ်ဓာတ်ပုံနှင့် စာအုပ်ပြပွဲ အခမ်းအနားကို ယမန်နေ့က ရွာသစ်ရပ်ကွက် အထက(ခွဲ)ဝက်ချုပ်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါစနစ်ဖြင့် ဝယ်ယူသည့်ပစ္စည်းများကို စစ်ဆေးလက်ခံခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါစနစ်ဖြင့် ဝယ်ယူသည့်ပစ္စည်းများကို အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီမှစစ်ဆေး လက်ခံခြင်းကို ယမန်နေ့နံနက်(၁၁) နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုုလုပ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန  (Community Centre)ခန်းမ ဘက်စုံသုံးခန်းမတွင် ကျင်းပပြုုလုပ်ခဲ့သည်။ 

ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နံနက် ၁၁ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ပခုက္ကူတက္ကသိုလ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ လေးထပ်ဆောင်၊ ဘွဲ့နှင်သဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

မင်းဘူးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား/ကျောင်းသူ လူငယ်လေးများ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေ‌ရေးနှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝကာ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် “လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ”ကို ဇွန်လ (၂၅) ရက်နေ့ နံနက် ၁၀ နာရီက မင်းဘူးမြို့ အိမ်ယာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့ကြောင်း သိရသည်။

မင်းတုန်းမြို့နယ်တွင် မြစိမ်းရောင်(အသားကဏ္ဍ) ဒုတိယအကြိမ် လက်ဆင့်ကမ်းဖြန့်ဖြူးခြင်းရန်ပုံငွေ လွှဲပြောင်းပေးအပ်

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးစေခြင်းဖြင့် မိသားစုဝင်ငွေတိုးတက်၍ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြစိမ်းရောင်(အသားကဏ္ဍ) ဒုတိယအကြိမ်လက်ဆင့်ကမ်းဖြန့်ဖြူးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြစိမ်းရောင်(အသားကဏ္ဍ) ရန်ပုံငွေကြီးကြပ်မှုကော်မတီမှ ယောကျေးရွာ ရန်ပုံငွေကြီးကြပ်မှုကော်မတီသို့ မတည်ရန်ပုံငွေ ကျပ်သိန်း (၃၀၀) ပေးအပ်ခဲ့သည်။

ဂန့်ဂေါမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)ပုံညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး