နတ်မောက်မြို့နယ်၌ အခြေခံပညာအဆင့် စာမေးပွဲအောင်စာရင်းများထုတ်ပြန်ကြေညာ
၂၀၂၄-၂၀၂၅ပညာသင်နှစ် အခြေခံပညာအဆင့်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၇ နာရီအချိန်က နတ်မောက်မြို့နယ်ရှိ သက်ဆိုင်ရာကျောင်းများအလိုက် ကြော်ငြာသင်ပုန်းများ၌ ကပ်ထားပေးရာ ကျောင်းသား/ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ လာရောက်ကြည့်ရှုကြသည်။