မကွေးတိုင်းဒေသကြီး

နတ်မောက်မြို့နယ်၌ အခြေခံပညာအဆင့် စာမေးပွဲအောင်စာရင်းများထုတ်ပြန်ကြေညာ

၂၀၂၄-၂၀၂၅ပညာသင်နှစ် အခြေခံပညာအဆင့်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၇ နာရီအချိန်က နတ်မောက်မြို့နယ်ရှိ သက်ဆိုင်ရာကျောင်းများအလိုက် ကြော်ငြာသင်ပုန်းများ၌ ကပ်ထားပေးရာ ကျောင်းသား/ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ လာရောက်ကြည့်ရှုကြသည်။

နွေရာသီကာလယဉ်ကျေးလိမ္မာ သင်တန်းနေ့စဉ်မပျက်သင်ကြားပေးလျက်ရှိ       

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဈေးသာကျေးရွာတွင် ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကာလ အချိန်ကိုအကျိုးရှိစွာအသုံးပြုတတ်စေရန်နှင့် ဗုဒ္ဓဘာသာကိုရိုသေကိုင်းရှိုင်းစေရန် ယဉ်ကျေးလိမ္မာသင်တန်းကို နံနက် ၈ နာရီမှ ၁၀ နာရီအထိ နေ့စဉ်မပျက် ရွာဦးဘုန်းတော်ကြီးကျောင်းတွင် သင်ကြားပေးလျက်ရှိသည်။

ငဖဲမြို့ ကျောင်းတွင်း ရပ်ကွက်အခြေခံပညာမူလတန်းကျောင်းရှေ့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်  ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် “ ကျောင်းနေ အရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”  ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲကို ငဖဲမြို့ ကျောင်းတွင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်းရှေ့တွင် ယနေ့နံနက် ၈နာရီအချိန်က ပြုလုပ်ဆောင်ရွက်သည်။

ပွင့်ဖြူမြို့နယ်၌ အပူဒဏ်ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးအတွက် တစ်အုပ်တစ်မစိုက်ခင်း(အထူးစိမ်း) အရိပ်ရပင် ၂၀၀၀ အကောင်အထည်ဖော်စိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ၂၀၂၅ ခုနှစ် မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် အပူဒဏ်ကာကွယ်နိုင်ရန်အတွက် ယခုမေလ ပထမပတ်မှ စတင်ကာ တစ်အုပ်တစ်မစိုက်ခင်း(အထူးစိမ်း) အရိပ်ရပင် ၂၀၀၀ ကို စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံ ၃၃၄၇ ဧက စိုက်ပျိုးမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံ ၃၃၄၇ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့သစ်မြို့နယ်တွင် မိုးကြိုးဘေးနှင့်လေဘေးသင့်အိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ငွေပေးအပ်

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့သစ်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ   မြို့သစ်မြို့နယ်၊ တလုပ်ပင်ကျေးရွာအုပ်စု၊ တလုပ်ပင်ကျေးရွာတွင် မေလ ၁၁  ရက်  မွန်းလွဲပိုင်းက မိုးကြိုးဘေးကြောင့်သေဆုံးသူများအတွက် ထောက်ပံ့ငွေနှင့် မေလ ၁၂ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ကျေးရွာအုပ်စု(၃)အုပ်စုရှိ ကျေးရွာ(၅)ရွာတို့မှ လေဘေးသင့်အိမ်ထောင်စုများနှင့် ဘုန်းတော်ကြီးကျောင်းများအတွက် ကျောင်းဆောက်/အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေပေးအပ်ခြင်းကို  ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သရက်မြို့နယ်၏ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် ပိုစတာစိုက်ထူပွဲအထိမ်းအမှတ်အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၏ ကျောင်းအပ်နှံရေးနေ့သီတင်းပတ်အထိမ်းအမှတ် ပိုစတာစိုက်ထူးခြင်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ဆောင်ရွက်ခဲ့ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းပြည်သူ့ဆေးရုံကြီး ဆေးဘက်ကျွမ်းကျင်(၃) (ဓါတ်မှန်) (၆)လသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ မကွေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနဦးဆောင်မှုဖြင့် တိုင်းပြည်သူ့ဆေးရုံကြီး၊ ဆေးဘက်ကျွမ်းကျင်(၃) (ဓါတ်မှန်)(၆)လသင်တန်း ဖွင့်ပွဲအခမ်းအနားကို မေလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ဆေးတက္ကသိုလ်(မကွေး)နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုအုပ်နှင့် သူနာပြုဆရာမကြီးများ၊ ဓာတ်မှန်ဌာနမှ သင်တန်းဆရာများနှင့် ဆေးဘက်ကျွမ်းကျင်(၃)(ဓါတ်မှန်) (၆)လ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

စေတုတ္တရာမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ခြင်မှတစ်ဆင့် ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက abate ဆေးခပ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မြို့သစ်မြို့နယ်တွင် နွေစပါး(၅၉၆၀)ဧက စိုက်ပျိုးပြီးစီး၍ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် နွေစပါးစိုက်ပျိုးရန် (၅၉၅၅) ဧက လျာထားရာ (၅၉၆၀)ဧကအထိ ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး