မင်းဘူးခရိုင်အတွင်း ရေတင်စီမံကိန်းလုပ်ငန်းများဖြင့် သီးနှံစုံ ၆၅၈၄ ဧက စိုက်ပျိုးသွားမည်

မင်းဘူး ဇွန် ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း၌ ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် သီးနှံစုံ (၆၅၈၄) ဧက လျာထားပြီး ဇွန်လ ၂၂ ရက်နေ့မှစတင်ကာ ရေပေးဝေစိုက်ပျိုးနေပြီဖြစ်ကြောင်း ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

မင်းဘူးခရိုင်တွင်း၌ သီးနှံစုံ (၆၅၈၄) ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ရေများကို တညောင်လျှပ်စစ်ရေတင်စီမံကိန်းမှ ၄၀၀၀ ဧက၊ ရေပုတ်ကလေးဆိုလာဓာတ်အားပေးစနစ်စီမံကိန်းမှ ၁၀၀ ဧက၊ ကျောင်းကုန်းကြီး ဆိုလာဓာတ်အားပေးစနစ်စီမံကိန်းမှ ၂၄၀ ဧက၊ ရွာသာကြီးဆိုလာဓာတ်အားပေးစနစ်စီမံကိန်းမှ ၅၀၀ ဧက၊ ဘုရားကုန်းဆိုလာဓာတ်အားပေးစနစ် စီမံကိန်းမှ ၈၂ ဧက၊ အောင်ပင်လယ်လျှပ်စစ်စီမံကိန်းမှ ၁၅၀ ဧက၊ ကျောက်စံလျှပ်စစ်နှင့် ဆိုလာဓာတ်အားစနစ်စီမံကိန်းမှ ၇၅၅ ဧက၊ ကန်းနီဆိုလာဓာတ်အားပေးစနစ်ရေတင်စီမံကိန်းမှ ၇၅၇ ဧက စုစုပေါင်း ၆၅၈၄ ဧက စိုက်ပျိုးသွားမည်ဖြစ်သည်။

ကမ်းနီ၊ ကျောက်စံ၊ ရွာသာကြီးနှင့် တညောင်စသော စီမံကိန်းများဖြင့် ရေပေးဝေစိုက်ပျိုးရာတွင် မိုးဦးမိုးလယ်၊ မိုးနှောင်း စိုက်ပျိုးလျက်ရှိပြီး မိုးသီးနှံအတွက် ရေပေးဝေမှုကို ဇွန်လ ၂၂ ရက်နေ့မှစတင်ကာ ရေပေးဝေစိုက်ပျိုးနေပြီဖြစ်ကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဌေးက ပြောကြားခဲ့သည်။

ဇေယျာနိုင်(ရွှေကန်