ချောက်မြို့ အ.ထ.က (၁) ကျောင်း၌ ငလျင်ဘေးအန္တရာယ် သဏ္ဌန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ချောက် ဇွန် ၂၈

မကွေးတိုင်းဒေသကြီး၊ ‌ချောက်ခရိုင်၊ ချောက်မြို့၌ မြို့နယ်‌ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး ငလျင်ဘေးအန္တရာယ် သဏ္ဌန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်‌နေ့နံနက် ၉ နာရီခွဲက အ.ထ.က (၁) ကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်နိုင်က အမှာစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား ငလျင်လှုပ်နေစဉ်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ငလျင်လှုပ်ပြီးပြိုကျနေသည့် အဆောက်အဦအတွင်း လူနာကယ်ထုတ်ခြင်း၊ ဆေးကုမှုခံယူခြင်းများကို လက်တွေ့ ဇာတ်တိုက်သရုပ်ပြသသည်။

အဆိုပါသရုပ်ပြပွဲသို့ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်နိုင်၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်‌ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဌာနဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)