ပွင့်ဖြူမြို့နယ်တွင် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)က ဒေသတွင်း သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ တောင်သူအသိပညာပေးလုပ်ငန်းများ ပိုမိုကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က ပွင့်ဖြူမြို့ သက်တော်ရှည်ရပ်ကွက်ရှိ မြို့နယ်အသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။