မကွေးတိုင်းဒေသကြီး

စေတုတ္တရာမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီ (အကြို)သစ်ပင်စိုက်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မုန်းတမံ (၄)မိုင်လမ်းခွဲမှ (၁)မိုင်၆ဖာလုံ ကားလမ်းဘေးတွင် ယနေ့နံနက် ၈ နာရီ အချိန်က မိုးရာသီ (အကြို) သစ်ပင်စိုက်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၊ For Life ဘုန်းတော်ကြီးကျောင်း၌ အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ For Life ဘုန်းတော်ကြီးကျောင်း၌ ယနေ့မွန်းတည့် ၁၂ နာရီအချိန်က အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ နေကြာ ၁၀၄၆ ဧက လျာထားစိုက်ပျိုးမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ နေကြာ ၁၀၄၆ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ချောက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ဦးဆောင်၍လက်တွေ့ လုပ်ငန်းခွင်ဝင်သင်ယူနေသော ကျန်းမာရေးမှူး(၄) သင်တန်းသူ/သားများနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယ‌နေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၁၄)စစ်ကွင်းရပ်ရှိ ခ.လ.ရ(၁၃)တပ်တွင်း မိသားစုနေအိမ်လိုင်းခန်း၌ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူခြင်းကို မေလ ၁၅ ရက်၊ နံနက် ၇ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ နွေနှမ်းအထွက်နှုန်းတိုးတက်ရေး အသိပညာပေး ဆွေးနွေးဟောပြောခြင်းနှင့် စံပြကွက်ဧက(၁၀၀)အတွက် သွင်းအားစုများ ထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၅ - ၂၀၂၆ နွေသီးနှံစိုက်ပျိုးရာသီတွင် နွေနှမ်းစိုက်ပျိုးတောင်သူများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး တောင်သူပညာပေးဆွေးနွေးဟောပြောခြင်းနှင့် စံပြကွက်ဧက (၁၀၀) အတွက် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းကို မေ ၁၆ ရက်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးမြို့ အ.ထ.က(၃)အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့်မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်က မကွေးမြို့ အ.ထ.က(၃) အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပမှုရှိစေရေး ဌာနဆိုင်ရာများ ပူးပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးကြကြောင်း သိရသည်။

အောင်လံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ တင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက အောင်လံမြို့၊ မကျီးကုန်းရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းဆောင်ရွက်ခဲ့သည်။

ချောက်မြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်စားသုံးသူ‌ရေးရာဦးစီးဌာနတို့ ပူး‌ပေါင်း၍ အွန်လိုင်းစနစ်ဖြင့်‌ ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဟောပြောခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်‌နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့ စုပေါင်းဈေးရောင်းပွဲတော်တွင် လာရောက်လည်ပတ်သူများဖြင့်စည်ကား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ နယ်လှည့်ဈေးရောင်းချသူများအဖွဲ့က ဦးဆောင်ကျင်းပသည့် စုပေါင်းဈေးရောင်းပွဲတော်ကို မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်ရှိ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း ရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ယမန်နေ့ညပိုင်းက လာရောက်လည်ပတ်သူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး