ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများကို ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၅ ခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းကစတင်၍ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများ လယ်ဝယ်အရောက် စနစ်တကျ ထုတ်ချေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။