မကွေးတက္ကသိုလ်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ဆောင်းပါဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မကွေး ဇူလိုင် ၉

မကွေးတက္ကသိုလ်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (၇၈)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ဆောင်းပါဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မကွေးတက္ကသိုလ်ဘွဲ့နှင်းခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ရုံးဌာနခွဲအကြီးအကဲများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၇၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာခင်ကေခိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ သမိုင်းဌာန၊ ပါမောက္ခ(ဌာနမှူး) ဆရာမကြီးဒေါက်တာသီတာမြင့်က “အာဇာနည်စိတ်ဓာတ်နှင့် အာဇာနည်နေ့” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့သည်။

ယင်းနောက် ဟောပြောရှင်းလင်းပေးပါသော ဆရာမကြီးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု လက်ဆောင်ကိုလည်းကောင်း၊ စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲတို့တွင် ပထမဆုရရှိသူများအား မကွေးတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာခင်ကေခိုင်ကလည်းကောင်း၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများအား ဒုတိယပါမောက္ခချုပ် ဆရာမကြီးဒေါက်တာချိုချိုလွင်ကလည်းကောင်း၊ ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး၊ ဆုရရှိသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ