မကွေးတိုင်းဒေသကြီး

နတ်မောက်မြို့နယ်ရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခြင်းနှင့် အာဟာရတိုက်ကျွေးခြင်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခြင်းနှင့် အာဟာရတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်ခဲ့သည်။

သရက်မြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူမျာအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူမျာအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့၌ ရွှေပွဲတော်ကုမ္ပဏီမှကြီးမှူး၍ ဆယ့်နှစ်ပွဲဈေးသည်များ စုပေါင်းဈေးရောင်းပွဲတော် ကျင်းပဆင်နွှဲ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ စိတ်အပန်းပြေစေရန်နှင့် အိမ်အသုံးအဆောင်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို တစ်နေရာတည်း၌ အဆင်ပြေစွာဝယ်ယူနိုင်ရန်ရည်ရွယ်၍ မေလ ၂၄ ရက်နေ့မှစပြီး ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက် အောင်သိဒ္ဓိကျောင်းတိုက် မြစောညီနောင်စေတီတော်မြတ်ကြီးဝန်းအတွင်း၌ ရွှေပွဲတော်ကုမ္ပဏီမှကြီးမှူး၍ ဆယ့်နှစ်ပွဲဈေးသည်များ စုပေါင်းဈေးရောင်းပွဲတော် ဆင်နွှဲကျင်းပလျက်ရှိရာ ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ လာရောက်စိတ်အပန်းဖြေ ဈေးဝယ်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ ဦးစီးကျင်းပသည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှဦးစီးကျင်းပသည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းအလုပ်ရုံဆွေးနွေးပွဲကို မေလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်နှင့်ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(မကွေးဇုန်)၊ ခရီးသွားပို့ဆောင်ရေးအသင်းများ၊ တည်းခိုခန်းလုပ်ငန်းရှင်များအသင်းနှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးတွင် တိုင်း၊ ခရိုင်၊ မြို့နယ်အတွင်းရှိ ဥပဒေအရာရှိများနှင့် ရုံးဝန်ထမ်းများ၏ ကျောင်းနေအရွယ် သား၊ သမီးများအား ပညာသင်စရိတ်ငွေ ပေးအပ်

မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးက တိုင်း၊ ခရိုင်၊ မြို့နယ်အတွင်းရှိ ဥပဒေအရာရှိများနှင့် ရုံးဝန်ထမ်းများ၏ ကျောင်းနေအရွယ် သား၊ သမီးများအား ပညာသင်စရိတ်ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါရုံးရှိ ပါမောက္ခဦးလှအောင်ခန်းမ၌ ကျင်းပခဲ့သည်။

ချောက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က ချောက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် ရွာသစ်ကျေးရွာ မိုးကုတ်ရိပ်သာဝန်းအတွင်း မြေကွက်လပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် ရွာသစ်ကျေးရွာ မိုးကုတ်ရိပ်သာဝန်းအတွင်း မြေကွက်လပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူ (၇၆၅၈)ဦး ကျောင်းအပ်လက်ခံပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးအတွက် မေလ ၂၂ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်လက်ခံခြင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ထိ ကျောင်းသား၊ ကျောင်းသူ (၇၆၅၈)ဦး ကျောင်းအပ်လက်ခံဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးဝန်ထမ်းများစုပေါင်းပြီး မိုးရာသီ သီးပင်စားပင်များ စိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းနိုင်ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ရုံးပတ်ဝန်းကျင်သာယာစိမ်းလန်းစိုပြည်စေရန်နှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ဓာတ်အားခွဲရုံဝန်း မြေကွက်လပ်တို့တွင် မိုးရာသီ သီးပင်စားပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး