မကွေးတိုင်းဒေသကြီး

ပခုက္ကူမြို့၌ မြန်မာ့ရိုးရာအမွေအနှစ်တစ်ခုဖြစ်သည့် သနပ်ခါးဈေးကွက်ခိုင်မာမှုကြောင့် အရောင်းအဝယ်ပုံမှန်လည်ပတ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မြန်မာ့ရိုးရာအမွေအနှစ်တစ်ခုဖြစ်သည့် သနပ်ခါးများ ပြည်တွင်းဈေးကွက်ခိုင်မာမှုကြောင့်  အရောင်းအဝယ်ပုံမှန်လည်ပတ်လျက်ရှိကြောင်း မြို့ပေါ်ရှိ ရွှေရည်ဝင်းသနပ်ခါးလက်လီလက်ကားပွဲရုံမှ သိရသည်။

ပခုက္ကူမြို့နယ်၌ ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ပိတောက်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဂန့်ဂေါမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ) ပုံညာခန်းမ၌ ပြုလုပ်ခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

စလင်းမြို့နယ်တွင် ရဟန်းသံဃာနှင့် သီလရှင်ဆရာလေး အပါး(၄၀၀)ကျော်အား စုပေါင်းအာရုံဆွမ်း လောင်းလှူ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ  စာသင်တိုက်အသီးသီးတွင် ပညာသင်ကြားနေသည့်  ရဟန်းသံဃာများနှင့် သီလရှင်ဆရာလေး  အပါး (၄၀၀)ကျော်အား စုပေါင်းအာရုံဆွမ်းလောင်းလှူပွဲကို  စလင်းမြို့  သာသနဟိတဆွမ်းလောင်းအသင်းမှ  ဦးဆောင်ကြီးကြပ်၍  ယနေ့နံနက်  ၅ နာရီခွဲအချိန်က စျေးမရပ်ကွက်  မြတ်ရတနာဓမ္မာရုံကြီးရှေ့တွင်  စုပေါင်းလောင်းလှူခဲ့ကြောင်း  သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၅/၂၀၂၅) အစည်းအဝေး တက်ရောက်

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(၅/၂၀၂၅) အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့သီတင်းပတ် အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးသီတင်းပတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြို့သစ်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် လာရောက်ကျောင်းအပ်နှံသည့် ကျောင်းသား/ကျောင်းသူ (၃၀၉၅၆)ဦးရှိပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာအတန်းများ၏ ကျောင်းအပ်နှံလက်ခံခြင်းကို မေလ ၂၂ ရက်နေ့ကစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့အထိလာရောက်ကျောင်းအပ်နှံသည့် ကျောင်းသား/ကျောင်းသူ(၃၀၉၅၆)ဦးရှိပြီဖြစ်ကြောင်းသိရသည်။

ငဖဲမြို့နယ်တွင် လူထုဖြန့်နှင့်ထင်းစိုက်ခင်းများတွင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း(၅၂၀၀၀)ပင် ပျိုးထောင်ထားရှိ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် သစ်တောဦးစီးဌာနသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောသစ်ပင်များစိမ်းလန်းစိုပြည်သာယာရေး၊ အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရေးအတွက် ၂၀၂၅ ခုနှစ် မိုးရာသီတွင် လူထုဖြန့်နှင့်ထင်းစိုက်ခင်းများတွင် သစ်ပင်များစိုက်ပျိုးနိုင်ရန် မြို့မပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း(၅၂၀၀၀)ပင်ကို ပျိုးထောင်ထားရှိပြီး ဒေသခံပြည်သူများအနေဖြင့် အခမဲ့လာရောက်ထုတ်ယူစိုက်ပျိုးနိုင်ကြောင်း သိရသည်။

ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုးကာ အသက်အရွယ်အလိုက် ဆံရစ်ဝိုင်းဆံပင်ပုံစံအမျိုးမျိုးကို လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့ကြသည့် ကလေးငယ်များ

မြန်မာနိုင်ငံအလယ်ပိုင်းက ရွာလေးတစ်ရွာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည့် ဆံရစ်ဝိုင်းဆံပင်ပုံစံများကို တန်ဖိုးထားကာ ဘိုးဘွားစဉ်ဆက်ယောက်ျားလေးရော မိန်းကလေးများပါ အရွယ်စုံအသက်အရွယ်အလိုက် လက်ဆင့်ကမ်းထိမ်းသိမ်းလာခဲ့ကြကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး