မကွေးတိုင်းဒေသကြီး

နတ်မောက်မြို့ စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မူလတန်းအဆင့်ကျောင်းသား/သူများဖြင့်  ဆေးရောင်ခြယ်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

မြို့သစ်၌အသားဆိုင်များအားသတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချနိုင်ရေးကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း အမဲ၊ဝက်၊ဆိတ်သားရောင်းချသည့်ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချခြင်းရှိ/မရှိ ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးသည်။      

သရက်မြို့၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၅ ခုနှစ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် (၈)နာရီက ဇာလီတောင်သာသနာ့နယ်‌မြေတွင် ကျင်းပခဲ့ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ချောက်မြို့ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ က‌လေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ က‌လေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ် ဦးတင့်လွင် အ‌ခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ခရစ်ကတ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် အခြေခံပညာကျောင်းပေါင်းစုံ  အမျိုးသား/အမျိုးသမီး ခရစ်ကတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့၊ တိုင်းဒေသကြီး ပြည်သူအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်  ဥပဒေချုပ်၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖနှင့်လူငယ်မောင်မယ်များ၊ ဖိတ်ကြားထားသော အားကစားဝါသနာရှင်များ၊ နည်းပြ၊ အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ၊ ကျောင်းသား/သူများတက်ရောက်ကြသည်။

ဂန့်ဂေါမြို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) စည်ပင်သာယာကျောင်း၌ သောက်ရေသန့်စက် အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့ စည်ပင်သာယာရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(စည်ပင်သာယာ)တွင် ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ သန့်ရှင်းသောသောက်ရေ သန့်သောက်သုံးနိုင်ရန်အတွက် ရေသန့်စက်လှူဒါန်းခဲ့သည့် အလှူရှင် ဦးလွင်ဦး+ဒေါ်ရီရီတင့် (ရတနာမိုး-ကုန်မာဆိုင်)မိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ရေနံချောင်းတက္ကသိုလ်၌ အမှိုက်အမျိုးအစားအလိုက် စနစ်တကျခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောသရုပ်ပြပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းတက္ကသိုလ်၌ သဘာဝပတ်ဝန်းကျင်ထန်းသိမ်းကာကွယ်ရေး အမှိုက်အမျိုးအစားအလိုက် စနစ်တကျခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောသရုပ်ပွဲအခမ်းအနားကို ယမန်နေ့က ရေနံချောင်းတက္ကသိုလ်ပတ္တမြားခန်းမ၌ ကျင်းပခဲ့သည်။

ပခုက္ကူမြို့၊ ဆယ်နှစ်ပွဲဈေးသည်များ၏ စုပေါင်းဈေးရောင်းပွဲတော် ၁၂ ရက်ကြာ ကျင်းပပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၏ နယုန်လ ဗုဒ္ဓပူဇနိယဈေးရောင်းပွဲတော် ကျင်းပရာနေရာ၌ ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေပွဲအဖြစ် ဆယ်နှစ်ပွဲဈေးသည်များ၏ စုပေါင်းဈေးရောင်းပွဲတော်ကို ဇွန်လ ၇ ရက်မှစတင်ပြီး ၁၂ ရက်ကြာကျင်းပရာ ယမန်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၊ ပညာရေးဒီဂရီကောလိပ်၌ စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ပခုက္ကူမြို့၊ ပညာရေးဒီဂရီကောလိပ်၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ နယ်မြေဒေသစိမ်းလန်းစိုပြည်စေရေးအတွက် သစ်ပင်များ စိုက်ပျိုးပေး  

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ နယ်မြေဒေသစိမ်းလန်းစိုပြည်စေရေးအတွက် သစ်ပင်များစိုက်ပျိုးခြင်းကို ယမန်နေ့က နတ်မောက်-တောင်တွင်းမြို့အဝင် ဆိုင်းဘုတ်ကားလမ်းဘေးတွင် စိုက်ပျိုးခဲ့ကြသည်။
Subscribe to မကွေးတိုင်းဒေသကြီး