မကွေးတိုင်းဒေသကြီး

မ‌ကွေးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌​ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.ကခွဲ(ဆားစည့်)ကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး  Youth Club အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ဝိုင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး Youth Club အဖွဲ့ဝင်များပူးပေါင်း၍ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ၂၀၂၄ ခုနှစ် စက်တင်ဘာလထုတ် သုတပဒေသာနှင့်လူငယ်ရေးရာ စာအုပ်ကို စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခဲ့သည်။

ဂန့်ဂေါမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့မှဦးဆောင်၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြိုနှင့် စာဖတ်ရှိန်မြှင့်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

၂၀၂၅ခုနှစ်၊ ဇွန်လ၂၆ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြိုနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

မင်းလှမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၁)ဦးအား အိမ်တိုင်ရာရောက်ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၁)ဦးအား အိမ်တိုင်ရာရောက်ကျန်းမာရေးစစ်ဆေးကုသဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၈:)နာရီက ရုံးရပ်တောင်ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

စလင်းမြို့နယ်အတွင်း မိုးစပါး(၄၇၇၁၅)ဧက လျာထားစိုက်ပျိုးမည်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း  ၂၀၂၅-၂၀၂၆ မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး(၄၇၇၁၅)ဧက လျာထားစိုက်ပျိုးမည်ဖြစ်ပြီး ဒေသခံတောင်သူများ စပါးထုတ်လုပ်မှုတိုးတက်စေရေး တောင်သူလယ်သမားများအရည်အသွေးကောင်းမွန်သော မျိုးစပါးများကိုစိုက်ပျိုးလုပ်ဆောင်ခြင်းဖြင့် လူနေမှုအဆင့်အတန်းမြင့်မားလာစေရန် စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ စီမံဆောင်ရွက်လျက်ရှိကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကံမမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Pfizer JN-1) ထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Pfizer JN-1) ထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီက မြို့နယ်ပြည်သူဆေးရုံတွင် ဌာနဆိုင်ရာဝန်ထမ်းများအားစတင်၍ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် လက်ပံချည်ပေါ်ကျေးရွာ၌ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ရာသီဥတုဂေဟစနစ်များကောင်းမွန်စေရန်နှင့် ဒေသခံပြည်သူများအတွက် ကျန်းမာသန့်ရှင်းပြီးဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင်ဖန်တီးပေးနိုင်ရန်အတွက်ရည်ရွယ်၍ ဖလံဝောာကျေးရွာအုပ်စု၊ လက်ပံချည်ပေါ်ကျေးရွာ၌ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် လက်ပံချည်ပေါ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ဒသမအကြိမ် ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လက်ပံချည်ပေါ်ကျေးရွာ၌ ဒသမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အောင်လံမြို့၌ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အောင်လံမြို့၊ မြို့မဈေးကြီး၌ ကျင်းပခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး