မကွေးတိုင်းဒေသကြီး

နတ်မောက်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၈၀)နှစ်အထက် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၈၀)နှစ်အထက် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လစဉ်အခမဲ့ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့သည်။

မင်းဘူးမြို့ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)မြို့မကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အခြေပညာအထက်တန်းကျောင်း(ခွဲ) မြို့မကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ် ၁ နာရီက မြို့မကျောင်းခန်းမ၌ ကျင်းပသည်။

ဆင်ပေါင်ဝဲမြို့နယ် အင်းမကျေးရွာအုပ်စု တောင်သူများအား မိုးရာသီသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခြင်းကို ယနေ့နေ့လယ် ၂ နာရီအချိန်က ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

သရက်မြို့၌ အငြိမ်းစားပင်စင်စားများအား UID(ခေါ်) Smart Card အား အခမဲ့ပြုလုပ်ပေး

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့ပေါ်အသီးသီးမှ အငြိမ်းစားပင်စင်စားများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက UID (ခေါ်) Smard Card အား ယနေ့နံနက်(၉)နာရီက မြန်မာ့စီးပွားဘဏ်အနီး ရွှေဘုံသာဘုရားကြီးအတွင်း ဆက်လက်ပြုလုပ်ပေးလျက်ရှိသည်။

ပခုက္ကူမြို့၌ ခရိုင်အဆင့် သတင်းရေးသားနည်းသင်တန်း အမှတ်စဉ် (၂/၂၀၂၅) ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် သတင်းရေးသားနည်းသင်တန်းအမှတ်စဉ် (၂/၂၀၂၅)ကို ဇူလိုင်လ ၂၁ ရက်မှစတင်ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်အတွက် မိုးသီးနှံစိုက်ပျိုးကြမည့် တောင်သူများအား မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၁၀ နာရီက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစမ်းသပ် စစ်‌ဆေးပေးပြီး ဆေးကုသပေးမှုများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ စစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို‌ ယနေ့နံနက် ၉ နာရီခွဲက မင်းလှမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့၌ မြို့နယ်သန့်ရှင်းသာယာလှပစေရေး ပန်းအလှပင်များ စိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ လမ်းဘေးဝဲ/ယာတလျှောက် အမှိုက်သရိုက်များရှင်းလင်းခြင်းနှင့် အရိပ်ရပင်များ၊ ပန်းအလှပင်များစိုက်ပျိုးခြင်းလုပ်ငန်းများကို‌ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈)နာရီက ပြည်လမ်း၊ ဗိုလ်ချုပ်လမ်း၊ ပုဏ္ဏဝတီလမ်းဘေးတလျှောက်တို့တွင် စက္ကူပန်းအလှပင်များစိုက်ပျိုးခြင်း၊ တောင်တွင်း-မကွေးလမ်းရှိ မြို့အဝင်ဆိုင်းဘုတ်အနီး လမ်း‌ဘေးဝဲ/ယာတွင် သပြေဘူတပန်းပင် (၁၀၀)ပင် စိုက်ပျိုးခြင်းတို့အား စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား၊ ကျောင်းသူများနှင့်ပူးပေါင်း၍ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က မောင်မင်းစိုးရေးသားသည့် “လူငယ်နဲ့လူမှုရေး” လူငယ်လမ်းညွှန်ဆောင်းပါးများစာအုပ်ကို စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

ပခုက္ကူမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ပေးရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ (UID) Unique Identity ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး