တောင်တွင်းကြီးမြို့နယ် ပြည်သူစာကြည့်တိုက်တွင် တစ်နှစ်တာဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများနှင့် အမျိုးသားစာပေတစ်သက်တာဆုရှင် ဦးအောင်သင်း၏ စာပေအဆိုအမိန့်များအား နံရံကပ်စာစောင်ပြသ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တစ်နှစ်တာ ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများနှင့် အမျိုးသားစာပေတစ်သတ်တာဆုရှင် ဦးအောင်သင်း၏ စာပေအဆိုအမိန့်များအား နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။