ပခုက္ကူ ဩဂုတ် ၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက် ၈ နာရီအချိန်က ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က ဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်များ၊ ဌာနလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ချိုချိုမာက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အောင်မြင်ရေးအကြောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေ(စာကြည့်တိုက်မှူး)က ကျောင်းသား/ကျောင်းသူများဖတ်ရှုလေ့လာသင့်သည့် စာပေအမျိုးအစားများ၊ စာပေဖတ်ရှုခြင်း၏အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းဟောပြောကြသည်။
အဆိုပါဟောပြောပွဲတွင် ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဆရာ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများတက်ရောက်ကြပြီး မြန်မာရိုးရာစကားပုံနှင့် စကားထာဉာဏ်စမ်းပဟေဠိပြိုင်ပွဲများပြုလုပ်ကာ အဖြေမှန်ရရှိသူများကို စာရေးကိရိယာသုံးလက်ဆောင်ပစ္စည်းများပေးအပ်ချီးမြှင့်ခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ကျင်းပပြုလုပ်သည့် ပုံပြင်ပြောပြိုင်ပွဲတွင် “လူမွှေးလည်း အပူအေးပါပြီ” ခေါင်းစဉ်ဖြင့် တတိယဆုရရှိခဲ့သော Grade-5 ကျောင်းသူ မသူသူဟန်သာအား ဂုဏ်ပြုလက်မှတ်နှင့်ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)