မကွေးတိုင်းဒေသကြီး

ငဖဲမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပြီး ပြန်လည်ရောက်ရှိသူများအား ကြိုဆိုဂုဏ်ပြုပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးစီး၍ ပြန်လည်ရောက်ရှိလာသူများအား  ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၌ RBF စီမံကိန်းဖြင့် ဆိတ်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စံပြကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း စီမံကိန်း (RBF) ရန်ပုံငွေဖြင့် ထိန်စမ်းဆိတ်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၆ ခုနှစ် မိုးသီနှံစိုက်ပျိုးကြမည့် တောင်သူများအား မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ဆောင်ရွက်ခဲ့သည်။

မြို့သစ်မြို့နယ်တွင် တောင်သူနည်းပညာပေးသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ တောင်သူနည်းပညာပေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းက မြို့သစ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးနှင့်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အထိမ်းအမှတ် မြေစိုက်ပိုစတာဖွင့်ပွဲနှင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား တက်ရောက်

၂၀၂၆-၂၀၂၇ ပညာသင်နှစ် မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ကျောင်းအပ်နှံရေး သီတင်းပတ်အထိမ်းအမှတ် မြေစိုက်ပိုစတာဖွင့်ပွဲနှင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက တိုင်းဒေသကြီးပညာရေးမှူးရုံးရှေ့နှင့် မြို့တော်ခန်းမတို့၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဒု_ဥက္ကဋ္ဌ၊ တိုင်းဒေကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက္ကသိုလ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရေစကြိုမြို့နယ်၌ ရက်(၁၀၀)စီမံချက်အတွင်း မိုးသီးနှံမျိုးစေ့များပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရေစကြိုမြို့နယ်၌ ရက်(၁၀၀)စီမံချက်အတွင်း မိုးသီးနှံမျိုးစေ့များပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ နေကြာ ၁၃၃၇ ဧက စိုက်ပျိုးမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ နေကြာ  ၁၃၃၇ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နတ်မောက်မြို့နယ် မြို့မစျေးကြီးတွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Campaign ပြုလုပ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်ကြွပ်ကြွပ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ နတ်မောက်မြို့နယ် မြို့မစျေးကြီးအတွင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Campaign ပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစျေးအတွင်း ဆောင်ရွက်ခဲ့ကြသည်။

နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကို ယမန်နေ့နေ့လယ် ၃ နာရီ အချိန်က စျေးရပ်ကွက်ရှိ ပညာနန်းတော်ဘော်ဒါကျောင်းဆောင်တွင် ပြုလုပ်ခဲ့သည်။

ငဖဲမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် “နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာစိုက်ထူပွဲကို ငဖဲမြို့ကျောင်းတွင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် ယနေ့နံနက် ၈ နာရီအချိန်က ပြုလုပ်ဆောင်ရွက်သည်။
Subscribe to မကွေးတိုင်းဒေသကြီး