မကွေးမြို့နယ်၌ MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများ စနစ်တကျ ဖြန့်ဝေပို့ဆောင်ပေး
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို တာဝန်ရှိသူတို့၏ ကြီးကြပ်မှုဖြင့် ဒီဇင်ဘာ ၂၆ ရက်နေ့နံနက်က မဲရုံအသီးသီးသို့ စနစ်တကျ ဖြန့်ဝေပို့ဆောင်ပေးခဲ့ကြသည်။