မကွေးတိုင်းဒေသကြီး

ဆင်ပေါင်ဝဲမြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်ပိုစတာများကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမနှင့် ကလေးစာဖတ်ခန်း၌ ကျင်းပသည်။

မကွေးမြို့၌ မဲဆန္ဒရှင်ပြည်သူများအား အချိုရည်နှင့် ရေဘူးများ ဝေငှပေး

နိုင်ငံ၏ သမိုင်းစာမျက်နှာသစ်ကို လှပစွာ ဖွင့်လှစ်နိုင်ရေးနှင့် မိမိတို့တိုင်းပြည်၊ မိမိတို့မြို့ရွာ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မည့် ကိုယ်စားလှယ်ကောင်းများရွေးချယ်ခြင်းကို မဲဆန္ဒရှင်အားလုံးက သတ်မှတ်ထားသည့် မဲရုံများသို့ သွားရောက်၍ မိမိတို့၏ ဆင်ခြင်ဉာဏ်ပါသော အဖိုးတန်ဆန္ဒမဲဖြင့် ယမန်နေ့နံနက်ပိုင်းတွင် ရွေးချယ်တင်မြှောက်လျက်ရှိသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အောင်လံမြို့နယ်၌ နံနက် (၆) နာရီအချိန် မဲရုံများ စတင်ဖွင့်လှစ်

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ယနေ့ ဒီဇင်ဘာ (၂၈) ရက်တွင် စတင်ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် ယနေ့ နံနက် ၆ နာရီမှ စတင်ကာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက စနစ်တကျဆန္ဒမဲပေးလျက်ရှိကြသည်။

ချောက်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ အေးချမ်းစွာ လာရောက်ဆန္ဒမဲပေး

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများက ဒီဇင်ဘာ ၂၈ ရက် (ယနေ့) နံနက် ၆ နာရီ အချိန်မှစပြီး မဲရုံအသီးသီးတွင် ဆန္ဒမဲများ အေးချမ်းစွာ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တောင်တွင်းကြီးမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများက ကိုယ်စားလှယ်လောင်းများအား ဆန္ဒမဲပေးလျက်ရှိ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ယနေ့ဒီဇင်ဘာ (၂၈) ရက်တွင် စတင်ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ယနေ့နံနက် (၆) နာရီမှစတင်ကာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက စနစ်တကျဆန္ဒမဲပေးလျက်ရှိကြသည်။

ပခုက္ကူမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲလာရောက်ပေးနေကြသည်ကို တွေ့ရသည်။ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာမဲရုံအသီးသီး၌ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံကြီးကြပ်ရေးမှူးများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ ကိုယ်စားလောင်းများ စသည့်အသိသက်သေများ ရှေ့မှောက်တွင် MEVM မဲပုံးများစစ်ဆေးခြင်း၊ လုံခြုံရေးကြိုးတပ်ဆင်ခြင်း၊ ကုတ်နံပါတ်များ စစ်ဆေးခြင်း၊ ကိုယ်စားလှယ်လောင်းများအား ကြိုတင်စမ်းသပ်မဲဆောင်ရွက်စေခြင်း၊ MEVM မဲပေးစက်များအား Clear ပြန်လုပ်ခြင်းများ ဆောင်ရွက်ပြီးသည့်နောက် နံနက် (၆) နာရီအချိန်မှ စတင်ဖွင့်လှစ်ပြီး မဲဆန္ဒရှင်ပြည်သူများမှ သက်ဆိုင်ရာမဲရုံများတွင် ဆန္ဒမဲပေးကြသည်။

မင်းဘူး (စကု) မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများက ဒီဇင်ဘာ ၂၈ ရက် (ယနေ့) နံနက် ၆ နာရီအချိန်မှစပြီး မဲရုံအသီးသီးတွင် ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။

သရက်မြို့နယ် မဲရုံများ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် စတင်မဲပေးမှုများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ၁ အား မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများ မဲရုံအသီးသီးများ၌ စတင်၍ မဲပေးနေမှုများကို ယနေ့ နံနက် ၆ နာရီအချိန် စတင်ကျင်းပပြုလုပ်လျက်ရှိသည်။

ပွင့်ဖြူမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား မဲဆန္ဒရှင်ပြည်သူများ  ဆန္ဒမဲပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံများ၌ ယနေ့နံနက် ၆ နာရီကစတင်၍ ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများမှ လုံခြုံအေးချမ်းစွာ လာရောက်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မကွေးမြို့နယ်၌ မဲဆန္ဒရှင် ပြည်သူများက ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာ ဆန္ဒမဲပေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ယနေ့နံနက်(၆)နာရီမှစတင်ကာ နိုင်ငံတစ်ဝှမ်းတွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ မဲဆန္ဒနယ် အသီးသီးတွင် မဲဆန္ဒရှင် ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြသည်။
Subscribe to မကွေးတိုင်းဒေသကြီး