ချောက်မြို့နယ်၌ မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ဆရာဆရာမများ၊ ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ကစတင်၍ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း မွန်းလွဲ ၁ နာရီတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။