မကွေးတိုင်းဒေသကြီး

ပခုက္ကူမြို့၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုပေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပင်စင်လစာလာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအား ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မင်းတုန်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် အခြေခံပညာအထက်တန်းကျောင်းခန်းမတို့တွင် ယနေ့နံနက် ၉ နာရီက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်ရာ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်စုသက်နှင်းဝေနှင့်အဖွဲ့ဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးကိုကိုခိုင်တို့က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ကြသည်။

စေတုတ္တရာမြို့ အမှတ်(၁)ရပ်ကွက်၌ ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့ အမှတ်(၁)ရပ်ကွက်၌ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့လယ်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။

ပခုက္ကူမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့သည်။

သရက်မြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်း ဆောင်ရွက်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီခွဲအချိန်က မြို့လယ်ဓမ္မာရုံးတွင် ဆောင်ရွက်ခဲ့သည်။

မင်းလှမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် ပတ်သက်၍ သိရှိစေရန် ရည်ရွယ်ချက်ဖြင့် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြို့ပေါ်ရပ်ကွက်များ၌ ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာအုပ်စာပေချစ်မြတ်နိုးသူများပူးပေါင်းပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ စာပေဖတ်ရှုသည့်အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၄ ခုနှစ် ဇူလိုင်လထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာအုပ်ကို စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

မြို့သစ်မြို့၌ မဲဆန္ဒရှင်များ မဲပေးစက်ဖြင့် လွယ်ကူစွာမဲပေးနိုင်ရေး မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မဲဆန္ဒရှင်များ လွယ်ကူစွာမဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို မင်းရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းခန်းမ၌ ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

စေတုတ္တရာမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းအသိပညာပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌  မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးနှင့် သီးနှံစိုက် စွမ်းအားတိုးတက်မြင့်မားရေး မင်းဘူး(စကု)မြို့နယ်ရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်မြင့်မားရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ဩဂုတ်လ ၂၄ ရက် နံနက်ပိုင်းက ကျောက်စံကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။
Subscribe to မကွေးတိုင်းဒေသကြီး