ချောက် ဩဂုတ် ၂၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ဆရာဆရာမများ၊ ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ကစတင်၍ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း မွန်းလွဲ ၁ နာရီတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒေါ်မီမီကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံး၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းအေးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ ကိုင်တွယ်အသုံးပြုခြင်းနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို Power Point ဖြင့် ရှင်းလင်းပြသခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဆရာဆရာမများ၊ ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကို လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)