မကွေးတိုင်းဒေသကြီး

ပခုက္ကူမြို့၌ ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင် ပြသ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေးရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၁ နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးနံရံစာစောင် ပြသခဲ့သည်။

ပခုက္ကူမြို့၌ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိပြည်သူများ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေးလုပ်ငန်းစဉ်များ နားလည်သိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။

မင်းဘူး(စကု)မြို့နယ်ရှိ ပင်စင်စား နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID ကတ်များ ပြုလုပ်ပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ပင်စင်စား နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် UID (Unique Identity)ကတ်များ ပြုလုပ်ပေးကို ယနေ့နံနက် ၁၁ နာရီအချိန်က မင်းဘူးမြို့ မြန်မာ့စီးပွားရေးဘဏ်၌ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်၌ ရေဘေးနှင့် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်တွင် နေထိုင်ကြသည့် ပြည်သူများ ရေဘေးနှင့် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့ညနေပိုင်းက ညောင်လှကမ်းနားရပ်နှင့် ဆားတိုင်ဆိပ်ကမ်းတို့တွင် ရေဘေးအသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား၊ ကျောင်းသူများနှင့် ပူးပေါင်း၍ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် ကလောင်စုံရေးသားသည့် “လူငယ်နှင့် ယဉ်ကျေးမှုတန်ဖိုး”စာအုပ်ကို စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့သည်။

သရက်မြို့၌ ကျောင်းကျန်းမာရေးကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေး ကျန်းမာရေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေး ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက် (၁၀) နာရီက အခြေခံပညာမူလတန်း (အ.မ.က) အနောက်ရပ်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပခဲ့သည်။

အောင်လံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အောင်လံမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးဟောင်း)၌ ကျင်းပခဲ့သည်။

ငဖဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား Biometric (UID)ကတ်များ ဆောင်ရွက်ပေးပြီးဖြစ်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား Biometric (UID) ကတ်များကို နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ထိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) ၄၁၈ ဦးအား Biometric (UID)ကတ်များ ပြုလုပ်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ခြင်းအခမ်းအနား ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ​မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး