ငဖဲ ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးသီးနှံများ အချိန်မီစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ချောင်းဖြူကျေးရွာအုပ်စုမှ တောင်သူလယ်သမားများထံ ယနေ့နံနက်ပိုင်းက ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာ ဒေါ်ခင်စိုးရီက တောင်သူများအား ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး မိုးစပါးစိုက်ပျိုးရန် တစ်ဧကလျင် ငွေကျပ် တစ်သိန်းငါးသောင်းနှုန်းနှင့် အခြားသီးနှံစိုက် တစ်ဧကလျင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ချောင်းဖြူကျေးရွာအုပ်စုမှ တောင်သူ ၈၉ ဦး၏ မိုးစပါး ၂၅၀ ဧက၊ နှမ်းသီးနှံ ၂၅၆ ဧက စုစုပေါင်း စိုက်ဧက ၅၀၆ ဧကအတွက် ချေးငွေကျပ် ၆၃၁ သိန်းကို ဆက်လက်ထုတ်ချေးပေးသည်။
ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို မေလမှစတင်၍ ထုတ်ချေးပေးခဲ့ရာ ယနေ့ထိ ကျေးရွာအုပ်စု ၁၇ အုပ်စုအား ထုတ်ချေးပြီးစီးပြီး ကျန်ရှိသည့်ကျေးရွာအုပ်စုများမှ တောင်သူများအား မိုးသီးနှံစိုက်ပျိုးစရိတ်များကို သတ်မှတ်ကာလအတွင်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)