မကွေးတိုင်းဒေသကြီး

မင်းတုန်းမြို့ စည်ပင်သာယာစျေးအား မီးဘေးလုံခြုံရေး စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် စည်ပင်သာယာဈေးအား ယနေ့နံနက် ၈ နာရီက မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးထင်လင်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ဈေးဆိုင်ခန်းများကို မီးဘေးလုံခြုံရေး စစ်ဆေးခဲ့ကြသည်။

ရေနံချောင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ပြန်ကြားရေး‌နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း(စနေနံ)၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ်၌ KG ကျောင်းသား၊ ကျောင်းသူများကို ကာယ၊ ဉာဏ ဖွံ့ဖြိုးစေရေး အာဟာရကျွေးမွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကလေးငယ်များ ကျန်းမာရေးနှင့်ညီညွတ်သည့် အာဟာရများ စားသုံးနိုင်စေရန်၊ ကိုယ်ကာယကျန်းမာစွာ ပြုမူနေထိုင်တတ်စေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အာဟာဖွံ့ဖြိုးရေးလှုပ်ရှားမှုအဖြစ် KG ကျောင်းသား၊ ကျောင်းသူများကို အာဟာရရှိသော အစားအစာများ ကျွေးမွေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို ပွင့်ဖြူမြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ကံလှကန်ကျေးရွာရှိ ဘက်စုံသုံးခန်းမ၌ ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တွေ့ဆုံပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ခေတ်မီစံပြကံလှကန်ကျေးရွာရှိ ဘက်စုံသုံးခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်းက တောင်တွင်းကြီးမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင်းပခဲ့သည်။

စေတုတ္တရာမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ၂၀၂၅ ခုနှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်‌၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲထူးချွန်‌စွာ အောင်မြင်ခဲ့ကြသူများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပဉ္စမတန်းမှ နဝမတန်းထိ (A)အဆင့်ဖြင့် ထူးချွန်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ‌ကျောင်းတွင် ကျင်းပသည်။

တောင်တွင်းကြီးမြို့ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူလေးများ အသိပညာဗဟုသုတရရှိစေရန် ကလေးစာဖတ်ခန်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတရှာဖွေရန် စိတ်ဝင်စားသည့် ကျောင်းသား/သူများအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းသို့လာရောက်၍ စာအုပ်စာ‌စောင်များ လေ့လာဖတ်ရှုကြ‌ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်အတွင်း စိုက်ပျိုးထွက်ရှိသည့် ပဲစင်းငုံနီများ အရောင်းအဝယ်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးထွက်ရှိသော ပဲစင်းငုံနီများ ပြည်တွင်းပြည်ပဝယ်ယူမှုများပြားခြင်းကြောင့် အရောင်းအဝယ်ဆက်လက်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ်၌ မိုးစပါးစိုက်ပျိုးတောင်သူများအတွက် မဲဇလီရေလွှဲဆည်မှ ဖြန့်ဝေသော တောင်မုန်းမြောင်းမကြီးတွင် ရေလှည့်စနစ်ဖြင့် စိုက်ပျိုးရေ ဖြန့်ဝေပေးမှု ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မိုးစပါးစိုက်ပျိုးတောင်သူများအတွက် မဲဇလီရေလွှဲဆည်မှ ဖြန့်ဝေသော တောင်မုန်းမြောင်းမကြီးတွင် ရေလှည့်စနစ်ဖြင့် စိုက်ပျိုးရေဖြန့်ဝေပေးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

စေတုတ္တရာမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

မင်းတုန်းမြို့တွင် ရှေးဦးသူနာပြုစုနည်းသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက ရှေးဦးသူနာပြုစုနည်းသင်တန်းဖွင့်လှစ်ရာ မြို့နယ်စီခံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းက အဖွင့်အမှစကားပြောကြားပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းလင်းအောင်က ရှေးဦးသူနာပြုစုနည်း ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး