မင်းတုန်း စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် စည်ပင်သာယာဈေးအား ယနေ့နံနက် ၈ နာရီက မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးထင်လင်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ဈေးဆိုင်ခန်းများကို မီးဘေးလုံခြုံရေး စစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာတွင် ဈေးဆိုင်ခန်းများမှ အမှိုက်များစနစ်တကျစွန့်ပစ်ရေး၊ လျှပ်စစ်ဝါယာရိန်းများစစ်ဆေးခြင်း၊ လျှပ်စစ်မီးစနစ်တကျသုံးစွဲရေး၊ မီးသတ်ဆေးဘူးများ အသင့်ထားရှိစေရေး၊ ပစ္စည်းများ အဆမတန်သိုလှောင်ထားခြင်းမရှိစေရေးနှင့် ထင်းမီးသုံးစွဲမှုမရှိစေရေး လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ချင်းကလေး(NRDC)