စေတုတ္တရာ စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲထူးချွန်စွာ အောင်မြင်ခဲ့ကြသူများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပဉ္စမတန်းမှ နဝမတန်းထိ (A)အဆင့်ဖြင့် ထူးချွန်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပသည်။
ထို့နောက် ပညာရည်ချွန်ဆုပေးပွဲတွင် ပညာရေးမှုးရုံးမှ ဒုပညာရေးမှူး ဦးရဲထွန်းက အဖွင့်အမှာ စကားပြောကြားပြီး ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲထူးချွန်စွာ အောင်မြင်ခဲ့ကြသူများ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲတွင် ပဥ္စမတန်းမှ နဝမတန်းထိ(A)အဆင့်ဖြင့် ထူးချွန်ဆုရရှိကြသူ ကျောင်းသား/ကျောင်းသူများအား တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များမှ ဆုများအသီးသီးပေးအပ်ခဲ့ပြီးနောက် ကျောင်းအုပ်ဆရာမကြီးက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်အောင်ပညာသင်ကြားပေးခဲ့သော စေတုတ္တရာကျောင်းမှ ဘာသာရပ်အလိုက် ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံပညာအထက်တန်းကျောင်း ၂၀၂၅ ခုနှစ် ပညာရည်ချွန်ဆုများ ချီးမြှင့်ရာတွင် ပါဝင်ပေးကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကျောင်းအကျိုးတော်ဆောင်များ၊ အခြေခံပညာဦးစီးဌာန တာဝန်ရှိသူများ ဆရာ၊ ဆရာမများအား ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကားပြောကြား၍ ၂၀၂၅ ခုနှစ် ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပရာတွင် ကျောင်းသား/သူလေးများက တေးသီချင်း၊ အက အလှတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)