အထက်မင်းလှ အောက်တိုဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ တိုင်းဒေသကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိသည့် မွေးမြူရေးလုပ်ငန်းနှင့် MSME လုပ်ငန်းလုပ်ကိုင်သည့် ဦးမြင့်ဌေး၏ သိန်းသန်းစံပဲကြော်၊ ပဲလှော်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေက ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ တိုင်းဒေသကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိသည့် ပန်းတော်ပြင်အုပ်စု၊ မယ်ဇလီတောကျေးရွာနေ တောင်သူဦးသန်းဇော်မိုး၏ ဝက်ခြံ၌မွေးမြူထားရှိမှု အခြေအနေနှင့် ဝက်သားပေါက်များတိုးပွား၍ စီးပွားဖြစ်ထွန်းလာမှုအခြေအနေများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပွင့်မြတ်နိုးသိမ့်က ရှင်းလင်းတင်ပြခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ဆက်လက်ပြီး MSME လုပ်ငန်းလုပ်ကိုင်သည့် ဦးမြင့်ဌေး၏ သိန်းသန်းစံပဲကြော်၊ ပဲလှော် လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပန်းတော်ပြင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅၇)၊ ဗောဓိကွင်း မြေဧရိယာ(၆.၃၆)ဧက၊ ကုန်းကြီး ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၉၆၃)၊ ကုန်းကြီးတောင်ကွင်း မြေဧရိယာ(၇.၉၅)ဧက နှင့် မြေဧရိယာ (၁၆.၅၁) ဧကတို့ရှိ ယာမြေများအား စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်နေ ဦးချစ်ကိုမှ ကျွန်းနှစ်ရှည်ပင်မြေနေရာအဖြစ် အခြားနည်းအသုံးပြုခွင့် လျှောက်ထားမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်း၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်များအား တွေ့ဆုံ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကာ (၁၀/၂၀၂၅)လအတွက် တစ်ဦးလျှင် နေ့တွက်စရိတ်(၂၁၀၈၀၀)နှုန်းဖြင့် (၅၀)ဦးအတွက် စုစုပေါင်းငွေ (၁၀၅၀၀၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)