၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာလှေလှော်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်း စုပေါင်း တံခွန်စိုက်ဖလား ဆုဆွတ်ခူး
၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာလှေလှော်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် (၈)နာရီအချိန်မှစတင်၍ ရန်ကုန်မြို့ အင်းလျားကန်ရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက် ကြည့်ရှု အားပေးခဲ့ကြသည်။