ကျိုက်လတ်မြို့နယ် သန့်ရှင်းသာယာလှပရေးဌာနဆိုင်ရာများ စုပေါင်းအမှိုက်ကောက်ခြင်း ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် ပြည်သူများ စည်းကမ်းလိုက်နာလိုက်နာ ကြရန်၊ လမ်းဘေးဝဲယာများတွင် အမှိုက်စွန့်ပစ်ခြင်း မရှိစေရန်အသိပညာပေးသည် အနေဖြင့် သန့်ရှင်းရေးနှင့် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့နံနက် ၇ နာရီခွဲက မြို့အဝင် ၊ မြို့အထွက်နေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။