ကျောက်ဆည်မြို့နယ် စပယ်တောကျေးရွာတွင် (၁၆) ကြိမ်မြောက် EXIM BANK ထုတ်ချေးငွေနှင့် အတိုးငွေများ ကောက်ခံရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သမဝါယမအသင်းစုလီမိတက်မှ ထုတ်ချေးပေးထားသော (၁၆) ကြိမ်မြောက် EXIM BANK ထုတ်ချေးငွေနှင့် အတိုးငွေများကောက်ခံရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက စပယ်တောကျေးရွာ အောင်ချမ်းသာဓမ္မာရုံတွင် စပယ်တောစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ အမှုဆောင်များ၊ အသင်းသားများနှင့် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။