(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်း နိုင်လွန်ကတ္တရာ လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မဟာအောင်မြေ မတ် ၁၈

(၇၇)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ၃၆ လမ်း၊ ၅၅လမ်း×မြို့ပတ်လမ်းကြား နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားအား ယနေ့ နံနက် ၈ နာရီက ကျင်းပရာမန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ(ဥက္ကဋ္ဌ) မြို့တော်ဝန် ဦးကျော်ဆန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်နေ ပြည်သူများ တက်ရောက်ကြကြောင်းသိရသည်။

အခမ်းအနားတွင်  မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုမှ အဖွင့်အမှာစကားပြောကြားပြီး မန္တလေး မြို့တော်ဝန် ဦးကျော်ဆန်းမှ နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ရပ်မိရပ်ဖတစ်ဦးမှ နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်လှစ်ပေးခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင် စကားပြောကြားပြီး နောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ မန္တလေး မြို့တော်ဝန် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများက နိုင်လွန်ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး နိုင်လွန်ကတ္တရာလမ်းသစ်အား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်လွန်ကတ္တရာလမ်းမကြီးအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ နိုင်လွန်ကတ္တရာလမ်းသစ်အား၂၀၂၁-၂၀၂၂ခု( ၆)လ ဘဏ္ဍာနှစ်အတွင်း တင်ဒါအောင်မြင်သည့် သိင်္ဂီရွှေစင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ခန့်မှန်းကုန်ကျငွေ (ကျပ် ၁၅၁၈၄၃၀၀၀/-) နှင့် နိုင်လွန်ကတ္တရာလမ်းအရှည်မှာ  ၁၉၂၅ပေ၊ အကျယ် ၂၆ ပေရှိကြောင်းသိရသည်။

အောင်ဇော်မင်း