ညောင်လေးပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး စကော ကရင်ဘာသာဖြင့် အသိပညာပေး နှိုးဆော်
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် လသာကုန်း ကျေးရွာနှင့် ဝါးရုံကုန်းကျေးရွာတို့တွင် ကိုဗစ်- ၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး အနေဖြင့် ယနေ့နံနက်ပိုင်းက လူစည်ကားရာ နေရာများဖြစ်သော ရွာအဝင်/အထွက်၊ ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများ၌ ဝါးရုံကုန်းကျောင်းမှ အလယ်တန်းပြဆရာမ နော်အေးအေး၀င်းက စကောကရင်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြသည်။