ဘားအံမြို့နယ်တွင် မိုးစပါး ၄၇၅၂၈ ဧက စိုက်ပျိုးပြီးစီး စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေး ကရင်ပြည်နယ် ဝန်ကြီးချုပ် မြေပြင်ကြည့်ရှုစစ်ဆေး
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဇွန်လမှ အောက်တိုဘာလကုန်ထိ မိုးစပါးဧက ၁၁၉၀၄၃ ကျော်စိုက်ပျိုး ရန်လျာထားဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်ထိ မိုးစပါး ၄၇၅၂၈ ဧက ရာခိုင်နှုန်းအားဖြင့် ၄၀ ရာခိုင်နှုန်းခန့် စိုက်ပျိုး ပြီးကာ စွမ်းအားပြည့်ထွန်ယက်စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အဖွဲ့ သည် ဩဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်းက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။