ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာ၌ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်း တူးဖော်ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ရှောက်တောကျေးရွာတွင် မိုးရာသီကာလ ရေစီးရေလာကောင်းမွန်စေရန်နှင့် ဒေသခံပြည်သူများ ရေကြီးရေလျှံမှုအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဌာန၏ ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ရေဆိုးထုတ် မြေသားမြောင်းအား အုတ်ရေနုတ်မြောင်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။