ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

မိုင်းတုံမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ရွေ့လျားစာကြည့်တိုက် ကွင်းဆင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ စာကြည့်တိုက်သို့  မလာနိုင်သည့် စာ‌ပေချစ်သူ စာဖတ်ပရိတ်သတ်များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှု ဉာဏ်ရည်များရင့်သန်လာစေရန်၊ အမှားနှင့် အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အထများ ရရှိစေယုံသာမက မှတ်စုစာအုပ်တွင် မှတ်သားသင့်သည်များကို မှတ်သားထားခြင်းဖြင့် နောင်တစ်ချိန်တွင် တန်ဖိုးရှိသည့် စာပေများအဖြစ် အသုံးချတက်စေရန် ရည်ရွယ်၍ ယနေ့  နံနက် ၁၀း၀၀အချိန်က ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ် လုံမုံကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာတွင် ဘက်စုံသုံးခန်းမ တည်ဆောက်ပေးနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်သူလူထုများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေရာ လုံမုံကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာတွင် ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ပေးနေကြောင်း သိရသည်။

ကွန်ဟိန်းမြို့ မဟာကမ္ဘောဇပြည်ငြိမ်းအေးစေတီတော်၌ ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ် (၄) ရပ်ကွက်အတွင်းရှိ မဟာကမ္ဘောဇပြည်ငြိမ်းအေးစေတီတော်တွင် (၁၃၈၅ ခု၊ သီတင်းကျွတ်လပြည့်နေ့) အောက်တိုဘာလ ၂၉ ရက်နေ့၊ ညနေ ၆ နာရီခန့်က ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် ဖလန်ပင်ကျေးရွာ၌ (၆)လပဲခေါ် မြေပြန့်မြေပဲများ နှုတ်သိမ်း

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဖလန်ပင်ကျေးရွာ၌ (၆)လခေါ် မြေပြန့်မြေပဲများ နှုတ်သိမ်းလျက်ရှိကြောင်း တောင်သူ ဦးထွန်းဝေထံက သိရသည်။

မြန်အောင် မြို့မနေခြည်ဈေး မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့မနေခြည်ဈေး မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့ညနေ ၃ နာရီက မြို့မနေခြည်ဈေးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

သူနာပြုသားဖွား ဒီပလိုမာ(၃)နှစ် သင်တန်းဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ ကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်း၊ တောင်ကြီးမြို့၊ သူနာပြုသားဖွား ဒီပလိုမာ (၃)နှစ် သင်တန်းဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲကို အောက်တိုဘာ (၂၇)ရက် နံနက် (၈)နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ပုဗ္ဗသီရိမြို့နယ်၌ စပါးမျိုး ရွေးချယ်ပေးခြင်းအခမ်းအနားတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဉတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းအုပ်စု၊ ဘဲကုန်း မြောက်ကျေးရွာ ကွင်းအမှတ် (၁၆၂၃က) တွင် တောင်သူများအား စပါးမျိူးရွေးချယ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

စလင်းမြို့နယ်၌ ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများမှ မှရိုးကုန်းကျေးရွာအုပ်စုအား ဆက်လက် ထုတ်ချေးပေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ  မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၁၀)မှ မှရိုးကုန်းကျေးရွာအုပ်စု စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန်အတွက် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ တောင်သူဦးကြီးများအတွက် ၂၀၂၃ခုနှစ် ဆောင်းရာသီ သီးနှံစိုက်ပျိုးရန် စိုက်ပျိုးစရိတ် ချေးငွေများကို အောက်တိုဘာ (၂၇)ရက်နေ့ နံနက်ပိုင်းက စတင် ထုတ်ချေးပေးလျှက်ရှိကြောင်း သိရသည်။

တောင်ငူ၌ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ပြည်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များငှားရမ်း

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ​ပြည်သူများ စာပေကိုလက်လှမ်းမီစွာ ဖတ်ရှုလေ့လာနိုင်စေရန်၊ ​စာဖတ်သည့်အလေ့အထများရှိလာစေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများကြွယ်ဝစရန်၊ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်‌စေရန်ရည်ရွယ်၍ ရွေ့လျား‌စာကြည့်တိုက်‌ မော်တော်ယာဥ်ဖြင့် စာအုပ်စာစောင်များအား ပြည်သူများလက်ဝယ်အရောက်သွားရောက် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာနနှင့် ခရိုင်စီမံကိန်းဦးစီးဌာနရုံးသို့ သွား‌ရောက်ငှားရမ်း‌ဆောင်ရွက်‌ပေးခဲ့‌​ကြောင်း သိရသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ