မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့်ဘုတ်ချောင်းဆည်ရေလှောင်တမံ ရေပိုလွှဲမှ ဆက်လက် ရေကျော်ကျ
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးအတွက် တောင်သူများ အားထားရသည့် ပုလင်းဆည်၊ စွန်ဆည်၊ ဆဒ္ဒန်ဆည်နှင့်ဘုတ်ချောင်းဆည်များရှိသည့်အနက် ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့်ဘုတ်ချောင်းဆည်ရေလှောင်တမံ ရေပိုလွှဲတို့မှ ယနေ့ နံနက်ပိုင်းတွင် ဆက်လက် ရေကျော်ကျလျက် ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။