မြောင်းမြမြို့တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ တက်ရောက်နိုင်ရေး အသိပညာပေး ဟောပြောပွဲများ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဦးဆောင်၍ အခြေခံပညာကျောင်းများတွင် အလယ်တန်းအဆင့် (Grade 9) အောင်မြင်သော ကျောင်းသားကျောင်းသူများ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ တက်ရောက်နိုင်ရေး အသိပညာပေး ဟောပြောပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။