စစ်ကိုင်းတိုင်းဒေသကြီး

ခန္တီးမြို့၌ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းပြုလုပ်

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဆင်သေကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၊ ယမုံနာခန်းမတွင် ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထန်ပါခွေမြို့၌ သဘာဝမြေဩဇာအရည် ပြုလုပ်သုံးစွဲနည်း သင်တန်းပို့ချ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထန်ပါခွေမြို့၌ နွားသေး၊ နွားချေး၊ ထန်းလျက်ဖျော်ရည်ဖြင့် သဘာဝမြေဩဇာအရည် ပြုလုပ်သုံးစွဲနည်းသင်တန်းကို ယနေ့ နံနက် (၉)နာရီက ပြုလုပ်သည်။

ဖောင်းပြင်မြို့တွင် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကလေးမြို့တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၂)မျိုး သင်တန်းဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းညွှန်ကြားမှုဦးစီးဌာနမှဖွင့်လှစ်သည့်ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၂)မျိုးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကလေးမြို့သိမ့်ဟိုတယ်ခန်းမတွင် ကျင်းပသည်။

ကန့်ဘလူမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ပင်စင်လာရောက်ထုတ်ယူသူ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက်က ကန့်ဘလူမြို့နယ်စီးပွားရေးဘဏ်ရုံး၌ကျင်းပရာ ကန့်ဘလူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးတို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ မိုးရာသီစိုက်ပျိုးသော အစေ့ထုတ်ပြောင်း ၁၅၀၁၆ ဧက ရိတ်သိမ်းပြီး ၇၃၁၅၈၀ တင်းထွက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးအပြင် သီးနှံမျိုးစုံကို ရာသီအလိုက်စိုက်ပျိုးကြရာ ယခုနှစ်မိုးရာသီစိုက်ပျိုးသော အစေ့ထုတ်ပြောင်း ၁၅၀၁၆ ဧက ရိတ်သိမ်းပြီး ၇၃၁၅၈၀ တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းအမည်ထည့်သွင်းရန်ကျန်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား မဲစာရင်းတွင်ပါဝင်နိုင်ရန်အတွက် ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်းအမည်ထည့်သွင်းရန် ကျန်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား မဲစာရင်းတွင်ပါရှိနိုင်ရန်အတွက် ယနေ့နံနက် (၉) နာရီအချိန်က မြို့တော်ခန်းမ၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် စစ်ကိုင်းခရိုင်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံခြင်း၊ စစ်ကိုင်းမြို့ ဧရာဝတီတံတား(ရတနာပုံ)နှင့် ကံတလူဂိတ်တို့ရှိ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးပူးပေါင်းစစ်ဆေးရေးအဖွဲ့များအားတွေ့ဆုံပွဲ အခမ်းအနားများ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၁၈ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမတွင် ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ကသာမြို့၌ ပလတ်စတစ်ကင်းစင်ရေးနှင့် အမှိုက်များစနစ်တကျစွန့်ပစ်ရေး Plastic Campaign ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်မှု ကသာခရိုင်စီမံခန့်ခွဲ‌ရေး နှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ ကြီးကြပ််မှုဖြင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ ပတ်ဝန်းကျင်သာယာလှပစေရန် ပလတ်စတစ်ကင်းစင်ရေးနှင့် အမှိုက်များစနစ်တကျ စွန့်ပစ်ရေးတို့အတွက် Plastic Campaign ဆောင်ရွက်မှုကို ယနေ့နံနက် (၇)နာရီခွဲအချိန်က မဟာလေးထပ်ကျောင်းဝင်းအတွင်းနှင့်အနီးပတ်ဝန်းကျင်တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဟုမ္မလင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချနိုင်ရေးအတွက် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများ အရည်အသွေးဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချနိုင်ရေးအတွက် အခြေခံပညာအထက်တန်း ဆင့်သင် ဆရာ/မများ အရည်အသွေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဟုမ္မလင်းမြို့၊ အ.ထ.က(၁) ကျောင်း၊ ချင်းတွင်းမြစ် ကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး