ကျွန်းလှမြို့နယ်၌ မိုးရာသီစိုက်ပျိုးသော အစေ့ထုတ်ပြောင်း ၁၅၀၁၆ ဧက ရိတ်သိမ်းပြီး ၇၃၁၅၈၀ တင်းထွက်ရှိ

ကျွန်းလှ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးအပြင် သီးနှံမျိုးစုံကို ရာသီအလိုက်စိုက်ပျိုးကြရာ ယခုနှစ်မိုးရာသီစိုက်ပျိုးသော အစေ့ထုတ်ပြောင်း ၁၅၀၁၆ ဧက ရိတ်သိမ်းပြီး ၇၃၁၅၈၀ တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ကျွန်းလှမြို့နယ်မှာ အစေ့ထုတ်ပြောင်းအဓိကစိုက်ပျိုးတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ စိုက်ပျိုးရာမှာ သီးသန့်စိုက်ပျိုးကြသလို ပဲစင်းငုံသီးနှံနဲ့ သီးညှပ်လည်းစိုက်ပျိုးကြပါတယ်။ အခုအခါ စိုက်ဧက အားလုံး ရိတ်သိမ်းပြီး တစ်ဧက ၄၈ ဒသမ ၇၂ တင်းထွက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါ အစေ့ထုတ်ပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ် မှန်ကန်ရေး၊ ဖောငမြောင်တောင်ပိုးကျရောက်မှု ကာကွယ်ရေး၊ ရိတ်သိမ်းချိန်နည်းပညာများနှင့် စိုက်ပျိုးရေးဆိုင်ရာများ ကွင်းဆင်းအသိပညာပေးခဲ့သည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ အစေ့ထုတ်ပြောင်း စိုက်ပျိုးရန် ၁၄၉၉၅ ဧက လျာထားပြီး ၁၅၀၁၆ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။

မျိုးဝင်းညို ကျွန်းလှ