စစ်ကိုင်းတိုင်းဒေသကြီး

ကလေးမြို့တွင် ကလေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ကလေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းရာသီ၌ ပဲမျိုးစုံ ဧက ၁၉၀၀၀ ကျော်စိုက်ပျိုးရန်လျာထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းရာသီ၌ ပဲမျိုးစုံဧက ၁၉၀၀၀ ကျော် စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အောင်ပွဲရပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားတက်ရောက်

(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု အောင်ပွဲရပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို အောက်တိုဘာလ ၁၈ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ၊ အနုပညာရှင်ကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ကွမ်းခြံကုန်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊  ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ဝါးကောက်တောကျေးရွာ၊ အ-မ-က မူ/လွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟုမ္မလင်းမြို့၌ သက်ကြီးဘိုးဘွားများအားကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင် ဟုမ္မလင်းမြို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် အပတ်စဉ်သောကြာနေ့တိုင်း သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို အောက်တိုဘာဘာ၁၇ ရက် နံနက်(၈)နာရီမှစတင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ပန်ဆောင်မြို့တွင် MEVM မဲပေးစက်စာတွေ့၊ လက်တွေ့ကိုင်တွယ်အသုံးပြုနည်းပညာဆိုင်ရာ အထောက်အကူပြုသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်ပနိုင်ရေး MEVM မဲပေးစက်စာတွေ့လက်တွေ့ကိုင်တွယ်အသုံးပြုပုံ သုံးပြုနည်းပညာအထောက်အကူပြုသင်တန်းဖွင့်ပွဲကို အောက်တိုဘာ ၁၃ ရက်နံနက် ၁၀ နာရီအချိန်က ပန်ဆောင်မြို့ နယ်စပ်ခန်းမ၌ ကျင်းပခဲ့သည်။

ကသာမြို့နယ်တွင် အင်္ဂလိမ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အောက်တိုဘာ ၁၄ ရက်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဟုမ္မလင်းမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးလက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို အောက်တိုဘာ ၁၄ရက် နံနက် ၉နာရီက ဟုမ္မလင်းမြို့၊ ခိုပဲဝရပ်ကွက်၊ ဆုတောင်းပြည့်ဘုရားဝန်းရှိ ဓမ္မဝိဇယဗိမာန်တော်အတွင်း၌ ကျင်းပသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပပညာရေး (မူလတန်း NFPE နှင့် အလယ်တန် NFME) ဖွင့်ပွဲအခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပပညာရေး (မူလတန်း NFPE နှင့် အလယ်တန် NFME) ဖွင့်ပွဲအခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ အောက်တိုဘာ ၁၄ ရက်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ခန္တီးမြို့၌ ကာရာအိုကေ(KTV)ဆိုင်များအား စည်းကမ်းနှင့်အညီဆောင်ရွက်ခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကာရာအိုကေ(KTV)ဆိုင်များအား စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိကို မြို့နယ်ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီက ခန္တီးမြို့ပေါ်ရှိ ကာရာအိုကေ(KTV)ဆိုင်များ၌ အောက်တိုဘာ ၁၄ ရက်နေ့ နံနက်(၁၀)နာရီက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး