စစ်ကိုင်းတိုင်းဒေသကြီး

နန်းယွန်းမြို့တွင် အသက်‌မွေးဝမ်း‌ကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြုပြင်နည်းသင်တန်း ဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ်အတွင်း ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု “ဆိုင်ကယ်ပြုပြင်နည်းသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က နန်းယွန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ခန်းမ၌ကျင်းပခဲ့သည်။

ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး အောင်နိုင်တိုး (၆၆×၆၆)ပတ်လည် စံကွက်ရိတ်သိမ်းကွင်းသရုပ်ပြပွဲကျင်းပ       

ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးအောင်နိုင်တိုး (၆၆×၆၆) ပတ်လည် စံကွက်ရိတ်သိမ်းကွင်း သရုပ်ပြပွဲကို နိုဝင်ဘာ(၃)ရက်နေ့ နံနက် (၈)နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ်၊ နားနုံးကျေးရွာ တောင်သူ ဦးအောင်စိုးလွင်၊ ကွင်းအမှတ်၊ (၆၂)၊ ဦးပိုင်အမှတ် (၇၃)နားနုံးပါ မလုံလယ်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကန့်ဘလူမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး သတိပေးဆိုင်းဘုတ်များ လိုက်လံချိတ်ဆွဲ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် တန်ဆောင်တိုင်ကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးမိုးကျော်သူ ဦးဆောင်ကြီးကြပ် မှုဖြင့် မြို့မမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေး သတိပေးဆိုင်းဘုတ်များကို ယနေ့နံနက် ၉ နာရီက လိုက်လံချိတ်ဆွဲခဲ့ကြောင်း သိရသည်။

တမူးမြို့တွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းမဟာ ဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ စုပေါင်းမဟာ ဘုံကထိန်နှင့် ကထိန်လျာဉာတ်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နိုဝင်ဘာလ(၁)ရက်နေ့ (၉) နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကဘော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကသာမြို့တွင် (၃၂)ကြိမ်မြောက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာ ဘုံကထိန်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် (၃၂)ကြိမ်မြောက် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၉) နာရီက ကသာမြို့၊ ဇေယျာချောင်ရပ်ကွက်၊ သာသနာ့ပဇ္ဇောတာ ကျောင်းတိုက် (ကျောင်းသစ်)ရှိ ဓမ္မဗိသုခဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကသာခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသည့် “သမိုင်းမှပေးသော အတွေးအမြင်” ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ စာပေဖတ်ရှုသည့်အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မာစေရန် ရည်ရွယ်၍ စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသည့် “ သမိုင်းမှပေးသောအတွေးအမြင် ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ပုဂ္ဂလိက ဆရာအတက်ပညာ ရက်တိုသင်တန်း အမှတ်စဉ် (၂)ဖွင့်လှစ်

စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ပုဂ္ဂလိက ဆရာအတက်ပညာ ရက်တိုသင်တန်း အမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းက မန္တလေးတက္ကသိုလ်ရှိ  ဘက်စုံသုံးခန်းမတွင် ကျင်းပရာ စစ်ကိုင်းပညာရေးတက္ကသိုလ် ခေတ္တ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊  ဒုတိယပါမောက္ခချုပ်များ၊  မန္တလေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူများ တက်ရောက်ကြသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်မျိုးစုံ ဧက ၃၀၀ ကျော်စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ချောင်းရေ၊ မြေအောက်ရေတင်ပြီး သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းမျိုးစုံ ဧက ၃၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများမှ ဆရာတော်၊ သံဃာတော်များအား ဆွမ်း/ဆွမ်းဟင်းများလောင်းလှူ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်ကြီး ၃ တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်း လောင်းလှူပွဲနှင့် သီလရှင်ကျောင်းတိုက် ၅ ကျောင်းမှ သီလရှင်ဆရာကြီး/ဆရာလေးများအား ဆွမ်းဆန်စိမ်းများ လောင်းလှူပွဲကို နိုဝင်ဘာလ ၁ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်း ကျင်းပရာ ဆွမ်း၊ ဆွမ်းဟင်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ၊ မုံရွာမြို့ပေါ်ရှိမှ MSME၊ ဟိုတယ်/တည်းခိုရိပ်သာ၊ မော်တော်ယာဉ်ငယ် အသင်းနှင့် စားသောက်ဆိုင် လုပ်ငန်းရှင်များ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

ကျွန်းလှမြို့နယ်၌ ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ကလေးငယ်များရောဂါကင်းစင်ပြီး ကျန်းမာဖွံ့ဖြိုးစေရန်အတွက် ယနေ့နံနက်ပိုင်းက ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်ပေးလျက်ရှိသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး