ကသာမြို့တွင် အခြေခံပညာကျောင်းများနှင့် ခန်းမများ၌ မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်ပနိုင်ရေးအတွက် အခြေခံပညာကျောင်းများနှင့် ခန်းမများ၌ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့များက ယမန်နေ့ နံနက် (၉) နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။