ကျွန်းလှမြို့နယ်၌ လယ်ရိတ်သိမ်းပြီး သီးထပ်စိုက်ပျိုးရန်ပြင်ဆင်

ကျွန်းလှ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးစပါးများရိတ်သိမ်းလျက်ရှိရာ ရိတ်သိမ်းပြီးလယ်မြေများ သီးထပ်စိုက်ပျိုးကြရန် ထွန်ယက်ပြင်ဆင်နေကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“ကျွန်တော်တို့ ဒေသမှာ အခုအခါမိုးစပါးများ ရိတ်သိမ်းချွေလှေ့နေကြပါတယ်။ ရိတ်သိမ်းပြီးလယ်မြေများကိုလည်း သီးထပ်စိုက်ပျိုးဖို့ပြင်ဆင်နေကြပါတယ်။ သီးထပ်စိုက်ပျိုးရာမှာ နေကြာသီးနှံနဲ့ ကုလားပဲသီးနှံအဓိကစိုက်ပျိုးကြပြီး တစ်ချို့တောင်သူတွေက ဟင်းသီးဟင်းရွက်သီးနှံအဖြစ် သခွား၊ ဖရုံ၊ ဖရဲ၊ မုန်ညှင်း စတဲ့သီးနှံစိုက်ပျိုးကြပါတယ်” ဟု ရှမ်းစုကျေးရွာတောင်သူ ဦးသိန်းလွင်က ပြောသည်။

ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများသည် မိုးကောင်းသောက်ဖြစ်သော်လည်း ချောင်းရေ၊ မြောင်းရေ၊ မြေအောက်ရေတင်ပြီး စပါးအပြင် သီးနှံမျိုးစုံစိုက်ပျိုးကြကြောင်း၊ မိသားစုဝင်ငွေရရှိပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိနေကြကြောင်း သိရသည်။

မျိုးဝင်းညို