ကလေးဝမြို့တွင် မြို့ပေါ်ရပ်ကွက်များရှိ မဲရုံပြုလုပ်မည့် နေရာများအား တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး

ကလေးဝ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်သူများ ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားရှိသော မြို့ပေါ်ရပ်ကွက်ရှိ မဲရုံပြုလုပ်မည့်နေရာများအား ယနေ့ နံနက် ၈ နာရီက တာဝန်ရှိသူများက ကွင်းဆင်း၍ စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးခဲ့ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်ကွက်ကော်မရှင်အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မြို့နယ်အတွင်းရှိ မဲရုံပြင်ဆင်ထားရှိမှု၊ လျှပ်စစ်မီးရရှိရေးဆောင်ရွက်ထားရှိမှု၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ကလေးဝမြို့ပေါ်တွင် မဲရုံပေါင်း (၅) ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင်ရှိသူ (၈၆၅၆) ဦးရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)