စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်‌ရှောက်မှုပေး

စစ်ကိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အာဟာရဆန်ပြုတ်များတိုက်ကျွေးခြင်းနှင့် စားသုံးဆီများစျေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့တွင် မဲရုံတာဝန်ကျဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊‌ ရွှေဘိုမြို့တွင် မဲရုံတာဝန်ကျဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ရပ်ကွက်ရုံး၌ ဒီဇင်ဘာလ ၁၉ ရက်နေ့မှစ၍ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ပဲစင်းငုံ အောင်မြင်ဖြစ်ထွန်းပြီး သီးနှံပေါ်ချိန်ဈေးကောင်းရရှိရေးမျှော်လင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ပဲမျိုးစုံသီးနှံကို ရာသီအလိုက် စိုက်ပျိုးကြရာ ယခုနှစ်မိုးရာသီစိုက်ပျိုးသော ပဲစင်းငုံ အောင်မြင်ဖြစ်ထွန်းပြီး သီးနှံပေါ်ချိန် ဈေးကောင်းရရှိရေး မျှော်လင့်နေကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၈)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကန့်ဘလူမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ အောင်သစ္စာ ကွန်ကရစ်လမ်း၊ အမှတ်(၄)ရပ်ကွက် မဟာဗန္ဓုလကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားများတက်ရောက်

(၇၈)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ တောက္ကရှပ်-မင်းကုန်း ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ကြသည်။

ခန္တီးမြို့တွင် မဲရုံပြုလုပ်မည့်နေရာများအား မီးဘေးလိုက်လံစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံနေရာများအဖြစ်ပြုလုပ်မည့်‌‌ အခြေခံပညာကျောင်းများတွင်မီးဘေးအန္တရာယ်မဖြစ်ပါ်စေရေးအတွက် ယနေ့နံနက် (၉) နာရီခွဲ အချိန်က လိုက်လံကြည့်ရှုစစ်‌ဆေးခဲ့သည်။

စစ်ကိုင်းမြို့နယ်တွင် အဓိကသီးနှံ ၁၀ မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများထံ ကွင်းဆင်းစစ်တမ်းကောက်ယူ

စစ်ကိုင်းမြို့နယ်တွင် အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုအပ်သည့် နည်းပညာနှင့် သွင်းအားစုများကို အချိန်နှင့်တပြေးညီ ပံ့ပိုးလျှက်ရှိရာ ယခုအခါ မြို့နယ်အတွင်းရှိ ပန်းတိုင်အထွက်နှုန်းသက်မှတ်ထားသည့် သီးနှံများထဲမှ ပန်းတိုင်ပြည့်မှီရန် ကျန်ရှိနေသည့် သီးနှံများအား ပန်းတိုင်ရည်မှန်းချက်၊ ထွက်နှုန်း မပြည့်မှီရခြင်း အကြောင်းအရာများကို စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများမှ   နယ်မြေကွင်းဆင်း၍  တောင်သူများထံမှ   စစ်တမ်းများကောက်ယူလျှက်ရှိကြောင်း သိရသည်။

ကသာမြို့တွင် ကြိုတင်မဲပေးခြင်းများ စတင်ဆောင်ရွက်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် တက္ကသိုလ်/ကော်လိပ်များသို့ သွားရောက်ကျောင်းတက်ကြမည့် ကျောင်းသား/ကျောင်းသူများ၊ မဲရုံများတွင်တာဝန်ထမ်းဆောင်ကြမည့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ခရီးသွားလာကြမည့် ဒေသခံပြည်သူများ ကြိုတင်မဲပေးခြင်းကို ယနေ့နံနက်(၈)နာရီမှစတင်၍ သက်ဆိုင်ရာရပ်ကွက်များရှိ သက်မှတ်မဲရုံများတွင် လက်ခံဆောင်ရွက်လျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကန့်ဘလူမြို့၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလတတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲခြင်းနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကန့်ဘလူမြို့၊ မြို့တော်ခန်းမရှေ့တွင် ကျင်းပရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ ကန့်ဘလူမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင် ကျောင်းများမှကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ မြို့နေ ပြည်သူများနှင့် အားကစားကိုချစ်မြတ်နိုးသူများ တက်ရောက်ကြကြောင်း သိရသည်။

ကလေးဝမြို့ပေါ်ရှိ မဲရုံပြုလုပ်မည့် နေရာများအား မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံပြုလုပ်မည့် နေရာများအား မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းအား ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မော်လိုက်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊‌ မော်လိုက်မြို့၌ ဒီဇင်ဘာ ၂၈ ရက်‌နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူများ မဲပေးနိုင်ရေးအတွက် လှုံ့ဆော်ရေး မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ဒီဇင်ဘာလ (၁၈) ရက်နေ့ မွန်းလွဲ (၁) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး